August 3, 2017

Recovery ဆိုတာ





Custom Recovery ဆိုတာ ?
တစ်ခုက CWM <Clockwork mode recovery> ဖြစ်ပြီး 
ကျန်တစ်ခုက Teamwin recovery <TWRP> တို့ ဖြစ်ကြပါတယ်။
ဒီနှစ်ခုစလုံးဟာ ကျွန်တော်မြင်ဖူးသလောက်တော့ 
Chinese နဲ့ English version နှစ်မျိုးရှိပါတယ်။
Recovery တွေနဲ့  ရင်းနှီးတဲ့သူတွေကတော့ တရုတ်ပဲလာလာ 
အင်္ဂလိပ်ပဲလာလာ ဘယ်နေရာက ဘာကိုပြောတယ်ဆိုတာကို 
သိကြပါတယ်။ အရမ်း မရင်းနှီးသေးတဲ့သူတွေအနေနဲ့ ကတော့ 
အင်္ဂလိပ် ဗားရှင်းက ပိုပြီးသင့်လျှော်ပါတယ်။
Custom recovery တစ်ခု ထည့်ထားပြီဆိုရင် 
ကျွန်တော်တို့  စိတ်ကြိုက် ROM တွေ တင်လို့ ရပါမယ်။
အခြားသော .zip package တွေ 
ဥပမာ | Google applications.zip, 
Supersu.zip စသဖြင့် ထည့်လို့  ရသွားမှာဖြစ်ပါတယ်။ 
Google zip ဆိုတာ ဖုန်းထဲကို Google ရဲ့  ၀န်ဆောင်မှု ဆော့ဖ်ဝဲတွေနဲ့  ကြောရိုးကို ထည့်သွင်းတာဖြစ်ပါတယ်။ 
Super Su zip ကတော့ Root Permission ရယူရန် ထည့်သွင်းခြင်းဖြစ်ပါတယ်....
Backup မှာ firmware တစ်ခုလုံး ဖုန်းထဲကို 
Backup လုပ်ထားလို့ရမယ်.. 
ကလိချင်တိုင်းကလိ တစ်ခုခုဖြစ်ရင် အ၇င်ဘာမှမလုပ်ခင်က 
backup ယူထားတာလေး restore လုပ်ပေးလိုက်ရင်ရပါပီ.... 

0 comments:

Post a Comment

Note: Only a member of this blog may post a comment.