RF ဆိုတာ Radio Frequency ရဲ့ အတိုခေါက်ပါ။ ၎င်းကို ဖုန်းတွင်သာမကပဲ ကြိုးမဲ့နည်းပညာသုံးတဲ့ ပစ္စည်းတိုင်းလိုလိုမှာ သုံးကြပါတယ် ။ ဥပမာ-တီဗီ၊ရေဒီယို၊GPS စသဖြင့်ပေါ့ဗျာ..
RF wave နည်းပညာ ဘယ်လောက်ကောင်းသလည်းဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာပေါ်ရဲ့ နေရာအနှံကို ဖြန့် ကြတ်နိုင်တယ် ။ ခုတောင် ကျွန်တော်တို့ အားလုံးရဲ့ ဘေးပတ်ပတ်လည်မှာရှိနေတယ်။ RF wave ဆိုတာ လျှပ်စစ်သံလိုက်လိုင်းများဖြစ်ကြပါတယ် သူရဲ့လျှင်မြန်မူနူန်းကတော့ ၁စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ လောက်ပြေးတယ် အရင်တုန်းက စာမှာသင်ဘူးတာတော့ ၁စက္ကန့် ကိုကမ္ဘာကို ၁၀ပတ်လောက်ပတ်နိုင်တဲ့ အလျှင်ရှိတယ်တဲ့ ။ဘာလို့ ဖုန်းတွေမှာ RF ပိုင်းကို သုံးကြသလည်းဆို ကျွန်တော်ဖုန်းဆက် လိုက်တယ် နောက်ဖုန်းတစ်လုံးကို 'ဟယ်လို ' လို့ ပြောလိုက်တာနဲ့ ဟိုဘက်မှာချက်ချင်းကြားတယ် အဲ့လိုပဲသူကပြန်ပြောမယ် 'ဘယ်သူတုန်း ' ဆိုပြီး အဲ့ဒါလည်းကျွန်တော်ချက်ချင်းကြားတယ် ဘာလို့အရမ်းဝေးတဲ့နိုင်ငံနဲ့ ပြောလည်းချက်ချင်ကြားရတာပဲ ဘာလို့ လည်းဆိုတော့ ကျွန်တော်တို့ ရဲ့ အသံကို RF ဆိုတဲ့ Radio Frequency ပေါ်သို့  အတူပူးတွဲ တင်ပြီးပို့ လွှတ်လိုက်တဲ့အတွက် တဖက်မှာချက်ချင်းကြားနိုင်တာပါ။ဒါတောင် ကြားထဲမှာ တာဝါတိုင်တွေကို ဖြတ်သန်းပြီးမှတစ်ဖက်လူကြားတာပါ။RF ပိုင်း ကိုသာမသုံးရင်တော့ ကျွန်တော်ရဲ့  ပြောလိုက်တဲ့ 'ဟယ်လို' ကို တစ်ဖက်ကြားရဖို့  စောင့်ဆိုင်းရနိုင်ပါတယ်ဗျာ ။ ဒါတောင် ကြားထဲမှာ တာဝါတိုင်တွေကို ဖြတ်သန်းပြီးမှတစ်ဖက်လူကြားတာပါ။

Ref: ကိုသားကြီး
0 comments:
Post a Comment
Note: Only a member of this blog may post a comment.